၂၀၂၄ ခုနှစ်၊ ဇွန် ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၅၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ (၈)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် အုတ်ပုံဆိပ်လမ်းထောင့်တွင် သင်္ဃန်းကျွန်းမှ အင်းစိန်သို့ ယာဉ်မောင်း ဦးအောင်ဇော်သန်း မောင်းနှင်လာသော YGN-8(8G/XXXX) Toyota Light Truck (အဖြူရောင်) ယာဉ်သည် အင်ဂျင်အပူလွန်ကဲ၍ ဂီယာဝိုင်ပိုက်ပေါက်ပြီး ဂီယာဝိုင်များ အိတ်ဇောပေါ်သို့ကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် လေးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် YGN-8(8G/XXXX) Toyota Light Truck (အဖြူရောင်)ယာဉ်၏ အင်ဂျင်ခန်း၊ တာယာ နှစ်လုံး၊ ရှေ့မီးကြီး နှစ်လုံး၊ ရှေ့လေကာမှန် မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးအောင်ဇော်သန်းအား မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Featured