Language: Myanmar English

Featured

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်မှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေးရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါ မျိုးကို(ခ)မျိုးကြီးအား ဖမ်းဆီးရမိခဲ့ကာ ယာဉ်မောင်း ရဲကြီးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် အဆိုပါယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ယာဉ်ပိုင်ရှင် ထက်ကြည်စိုးအား ဇွန် ၉ ရက် နံနက် ၁ နာရီတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံမြို့သို့ သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးမော်တော်ယာဉ်အား ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ ကားကြီးကွင်းရှေ့တွင် ဆက်လက်သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိစိတ်ပြောင်းဆေးဝါးများကို ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

3

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။