၂၀၂၄ ခုနှစ်၊ ဇွန် ၁၄ ရက် နံနက် ၁၁ နာရီ ၄၆ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့်(၉)လမ်းထိပ်၊ မဟာဝိဇယဘုန်းတော်ကြီး ကျောင်းဝင်းတွင် အမြင့် ၅၀ ပေ၊ လုံးပတ် ၁၀ ပေခန့်ရှိ ကုက္ကိုပင်သည် မိုးရွာသွန်းမှုကြောင့် မြေပွ၍ အခြေမခိုင်ဘဲ လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စည်ပင်သာယာဝန်ထမ်းများနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း သတင်းရရှိပါသည်။
Featured