Language: Myanmar English

Featured

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁/၃) နှင့် (၂၁/၄) ကြားတွင် ယာဉ်တိုက်မှု

     ၂၀၂၄ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁/၃) နှင့် (၂၁/၄) ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဦးအောင်ကျော်မင်း မောင်းနှင်လာသော YGN-42(6E-xxxx) TATA SUPER RACE (အဖြူရောင်) ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ မလေးရှားပိတောက်ပင်အား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၆ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါယာဉ်တိုက်မှုကြောင့် YGN-42(6E-xxxx) TATA SUPER RACE (အဖြူရောင်)ယာဉ်၏ ရှေ့ခြမ်းပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးအောင်ကျော်မင်းတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၎င်းအား ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

fsd4 1

fsd4 2