၂၀၂၄ ခုနှစ်၊ ဇွန် ၂၀ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာ၊ မြို့ပတ်(၁)လမ်း၊ လေးကျွန်းစေတီဘုရားအနီးတွင် အမြင့် ၂၅ ပေ၊ လုံးပတ် ငါးပေခန့်ရှိ သပြေပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားများပျော့အိ၍ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် လူနာတင်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၅၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း သတင်းရရှိပါသည်။
Featured