၂၀၂၄ ခုနှစ်၊ ဇွန် ၂၃ ရက် နံနက် ၄ နာရီ ၃၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အပိုင်း(၆)တွင် ဂိုဒေါင်(ငှားရမ်းသူ) ဦးနိုင်၏ ၆၀x၃၀ ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ကြမ်းခင်း နှစ်ထပ် ကြက်သွန်နီဂိုဒေါင်အတွင်းရှိ လုံခြုံရေးလျှပ်စစ်မီးသီးအား သွယ်တန်းထားသော ဝိုင်ယာကြိုးအပူလွန်ကဲရာမှ အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၆၀x၃၀ ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ကြမ်းခင်း နှစ်ထပ် ကြက်သွန်နီ ဂိုဒေါင်၏ အပေါ်ထပ်နှင့် ကြက်သွန်နီ ပိဿာချိန် ၃၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ဂိုဒေါင်(ငှားရမ်းသူ) ဦးနိုင်အား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Featured