Language: Myanmar English

Featured

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉/၄) တွင် ယာဉ်တိုက်မှု

     ၂၀၂၄ ခုနှစ်၊ ဇွန် ၂၇ ရက် နံနက် ၃ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉/၄)တွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးရန်နိုင်စိုး မောင်းနှင်လာသော 8I/xxxx Express (“ပန်းရဂုံ” ယာဉ်လိုင်း) အဖြူရောင် ယာဉ်သည် ဆီပြတ်သွားသဖြင့် လမ်း၏ဝဲဘက်တွင် စုံမီးပြ၍ ရပ်တန့်ထားစဉ် လားရာတူ နောက်မှ ယာဉ်မောင်း ဦးသိန်းနိုင်ဦး မောင်းနှင်လာသော NPW-3 4N/xxxx Toyota Hilux Revo အမျိုးအစား အနက်ရောင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁)မိုင်အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၃ နာရီ ၅၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် 8I/xxxx Express (“ပန်းရဂုံ” ယာဉ်လိုင်း) အဖြူရောင်ယာဉ်၏ ဝဲဘက် နောက်ခြမ်းပျက်စီး၊ NPW-3 4N/xxxx Toyota Hilux Revo အမျိုးအစား အနက်ရောင်ယာဉ်၏ ဦးခေါင်းပိုင်းကြေမွပျက်စီးပြီး Toyota Hilux Revo အမျိုးအစား အနက်ရောင်ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသားသုံးဦးအနက် အမျိုးသားတစ်ဦး(သေဆုံး)၊ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးသိန်းနိုင်ဦးအား အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

fsd1

fsd2