၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက် ညနေ ၄ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မိုင်တိုင်အမှတ် ၇၁/၁ လမ်းလယ်ကျွန်းရှိ အမြင့် ၃၀ ပေ၊ လုံးပတ် သုံးပေခန့်ရှိ မလေးရှားပိတောက်ပင်နှင့် မိုင်တိုင်အမှတ် ၇၁/၅ လမ်းလယ်ကျွန်းတွင် အမြင့် ၄၀ ပေ၊ လုံးပတ် ငါးပေခန့်ရှိ စိန်ပန်းပင်တို့သည် လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဉသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း သိရှိရပါသည်။
မိုင်တိုင်အမှတ် ၇၁/၁၊ မလေးရှားပိတောက်ပင် လဲကျမှုအား
ရှင်းလင်းဆောင်ရွက်ခြင်း မှတ်တမ်းဓာတ်ပုံ။
မိုင်တိုင်အမှတ် ၇၁/၅၊ စိန်ပန်းပင် လဲကျမှုအား
ရှင်းလင်းဆောင်ရွက်ခြင်း မှတ်တမ်းဓာတ်ပုံ။