Language: Myanmar English

Featured

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အတွင်းရှိ ပေါက်ကုန်းရပ်ကွက်နှင့် ညောင်ပင်ရပ်ကွက်တို့၌ ရေဝင်ရောက်မှု

     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက် နံနက် ၆ နာရီခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပေါက်ကုန်းရပ်ကွက်နှင့် ညောင်ပင်ရပ်ကွက်ရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်စက်ယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ ရှစ်စီး တို့ဖြင့် ကူညီရွေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် ပေါက်ကုန်းရပ်ကွက်မှ အိမ်ထောင်စု ၇၂ စု၊ အမျိုးသား ၁၄၈ ဦး၊ အမျိုးသမီး ၁၆၉ ဦး၊ စုစုပေါင်း ၃၁၇ ဦးတို့အား ပေါက်ကုန်းရပ်ကွက်ရှိ ရေဘေးလွတ်ရာ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းသို့လည်းကောင်း၊ ညောင်ပင်ရပ်ကွက်မှ အိမ်ထောင်စု ၈၁ စု၊ အမျိုးသား ၁၃၅ ဦး၊ အမျိုးသမီး ၁၅၈ ဦး၊ စုစုပေါင်း ၂၉၃ ဦး တို့အား ညောင်ပင်ရပ်ကွက်ရှိ ရေဘေးလွတ်ရာ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းသို့လည်းကောင်း ကူညီရွေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

7

8