၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇ ရက် နံနက် ၃ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ဝါးနက်ချောင်းဈေးအပြင်ဘက်ရှိ ပိုင်ရှင်ဦးအောင်ဇော်မြင့်၏ ၈x၁၂ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း ဈေးဆိုင်ခန်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသည့် Safe Guard အပူလွန်ကဲရာမှ မီးပွားထွက်ပြီး အောက်ရှိ အဝတ်ပုံနှင့်စာအုပ်ပုံများပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၃ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၃၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၈x၁၂ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း ဈေးဆိုင်ခန်း ၁၄ ခန်း၊ ရေခဲသေတ္တာ သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦအောင်ဇော်မြင့်အား မှော်ဘီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Featured