မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက် ညနေ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ၇၁(C)လမ်း၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် TOYOTA PROBOX မော်တော်ယာဉ်နှင့် SUPER CUSTOM မော်တော်ယာဉ်တို့ ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ စိုးခိုင်၊ နန်းအေးဖောင်း၊ နန်းယိမ်းအွမ်နှင့် ထွန်းလင်းအောင်တို့ လေးဉီးနှင့်အတူ SUPER CUSTOM ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၂,၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ဆ/၂ ရပ်ကွက်၊ ၇၁ လမ်းရှိ ထွန်းလင်းအောင် ငှားရမ်းနေထိုင်သည့် နေအိမ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၆,၄၉၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆၄ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြစ်မှုူကျူးလွန်သူများအား သိမ်းဆည်းရမိသည့်
ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။