၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ တပ်ဖွဲ့လမ်းတွင် ပိုင်ရှင် ဦးမျိုးမြင့်၏ ၂၀x၆၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အပေါ်ထပ်၌ ဘက်ထရီပန်ကာအား အားသွင်းပြီးအသုံးပြုနေစဉ် အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းနှင့် ဒေါပုံမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၂၅ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀x၆၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး ကလေးငယ် တစ်ဦး မီးလောင်(သေဆုံး)ခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမျိုးမြင့်အား သာကေတမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured