Language: Myanmar English

Featured

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကျောက်စီရေထိန်းနံရံများ ရေတိုက်စားကျိုးပေါက်မှုမဖြစ်စေရေးဆောင်ရွက်ခြင်း

     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊  ဧရာဝတီမြစ်ကမ်းဘေး၊ ပိုးတန်းရေစက်အနီးတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျောက်စီရေထိန်းနံရံများ ရေတိုက်စားကျိုးပေါက်မှုမဖြစ်စေရေးအတွက် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မီးသတ်အထောက်အကူပြုယာဉ် လေးစီးဖြင့် သဲအိတ်ချခြင်းနှင့် သဲဖို့ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

FSD 00112

FSD 00212