၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ၊ သန်လျင်-ကျောက်တန်းလမ်းမကြီးအနီးရှိ “မိတ်ဆက်” စားသောက်ဆိုင်ရှေ့တွင် ယာဉ်မောင်း ဦးသန်းထိုက်အောင်၏ YGN-21 (DD-XXXX) TOYOTA COROLLA FIELDER (အဖြူရောင်) ယာဉ်သည် သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိပြီး ဝိုင်ယာကြိုးများရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် YGN-21 (DD-XXXX) TOYOTA COROLLA FIELDER (အဖြူရောင်) ယာဉ်၏ အင်ဂျင်ခန်း၊ ဒက်ရှ်ဘုတ်၊ ရှေ့တာယာ နှစ်လုံးနှင့် ကားကူရှင်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးသန်းထိုက်အောင်အား ကျောက်တန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။
Featured