Language: Myanmar English

Featured

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ မြေနိမ့်ပိုင်းရှိ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်နှင့် မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာတို့တွင် ရေဝင်ရောက်မှု

     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်နှင့် မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာတို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းနှင့် မြင်းခြံမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမှတ်(၆)ရပ်ကွက်မှ အိမ်ထောင်စု(၈၉)စု၊ လူဦးရေ(၃၄၃)ဦးအား ရေဘေးလွတ်ရာ ကိုးဆောင်ကျောင်းတိုက်သို့လည်းကောင်း၊ အမှတ်(၁၂)ရပ်ကွက်မှ အိမ်ထောင်စု(၄၇)စု၊ လူဦးရေ(၁၇၀)ဦးအား ရေဘေးလွတ်ရာ ယာယီမိုးကာတဲများသို့လည်းကောင်း၊ အေးရွာကျေးရွာမှ အိမ်ထောင်စု(၁၉၁)စု၊ လူဦးရေ(၇၅၀)ဦးအား ရေဘေးလွတ်ရာ သပြေပင်သစ်စက်ဝန်းသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

1

2