၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ကင်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ မြဝတီကျေးရွာ၊ ပန်းတင်ကျေးရွာ၊ နံကပ်ကျေးရွာ၊ တောင်ပို့တရာကျေးရွာ၊ ဇီးအိုင်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ စစ္စရံကျေးရွာနှင့် ထန်းလေးပင်ကျေးရွာတို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကံမမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၂၈ ဦးအား ရေဘေးလွတ်ရာ မဒေးဝကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ အမှတ်(၄) ရပ်ကွက်မှ အိမ်ထောင်စု ၉ စု၊ လူဦးရေ ၂၉ ဦးအား ရေဘေးလွတ်ရာ ဓမ္မိကာရုံကန်လည်ဘုရားသို့ လည်းကောင်း၊ ကင်းကျေးရွာမှ အိမ်ထောင်စု ၃ စု၊ လူဦးရေ ၁၂ ဦးအား ရေဘေးလွတ်ရာ ကင်းဓမ္မာရုံ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ကျွန်းကလေးကျေးရွာမှ အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၅၃ ဦးအား ရေဘေးလွတ်ရာ အုတ်ဖိုတာလမ်း ကယ်ဆယ်ရေးစခန်းသို့လည်းကောင်း၊ မြဝတီကျေးရွာမှ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၆၈ ဦးအား ရေဘေးလွတ်ရာ မြဝတီဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ပန်းတင်ကျေးရွာမှ အိမ်ထောင်စု ၃ စု၊ လူဦးရေ ၈ ဦးအား ရေဘေးလွတ်ရာ ပန်းတင်ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ နံကပ်ကျေးရွာမှ အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၅၃ ဦးအား ရေဘေးလွတ်ရာ နံကပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ တောင်ပို့တရာကျေးရွာမှ အိမ်ထောင်စု ၅ စု၊ လူဦးရေ ၂၁ ဦးအား ရေဘေးလွတ်ရာ ကျွဲတလင်းဓမ္မာရုံသို့လည်းကောင်း၊ ဇီးအိုင်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု၊ လူဦးရေ ၅၆ ဦးအား ရေဘေးလွတ်ရာ ကျွဲတလင်းဓမ္မာရုံသို့လည်းကောင်း၊ ဝဲကြီး ကျေးရွာမှ အိမ်ထောင်စု ၅ စု၊ လူဦးရေ ၁၂ ဦးအား ရေဘေးလွတ်ရာ ထောက်မဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ စစ္စရံကျေးရွာမှ အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၁၄၅ ဦးအား ရေဘေးလွတ်ရာ စစ္စရံတောင်ပေါ်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ထန်းလေးပင်ကျေးရွာမှ အိမ်ထောင်စု ၈၀ စု၊ လူဦးရေ ၃၃၀ ဦးအား ရေဘေးလွတ်ရာ ထန်းလေးပင်ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
Featured