Language: Myanmar English

Featured

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေဝင်ရောက်မှု

     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများဖြစ်သည့် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ ပုဂံမြို့သစ် ရွှေတွင်းရပ်ကွက်၊ မြင်းကပါကျေးရွာ၊ အောက်ညဉ့်ကျေးရွာ၊ အထက်ညဉ့် ကျေးရွာ၊ ပုလင်းကျေးရွာ၊ သစ်ထောင့်ကျေးရွာတို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်၊ မြို့နယ်မီးသတ်စခန်းနှင့် အမှတ်(၅)အရန်မီးသတ်စခန်း တို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၃ ဦးအား ရေဘေးလွတ်ရာ ဆုတောင်းပြည့်ဘုရားသို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၉၆ ဦးအား ရေဘေးလွတ်ရာ ဆယ်ဆင်မေဓမ္မာရုံသို့လည်းကောင်း၊ အမှတ်(၇)ရပ်ကွက်မှ အိမ်ထောင်စု ၂၃ စု၊ လူဦးရေ ၈၆ ဦးအား ရေဘေးလွတ်ရာ အရှေ့ရပ်ဓမ္မာရုံနှင့် မြသိန်းတန်ဘုရားသို့ လည်းကောင်း၊ ပုဂံမြို့သစ် ရွှေတွင်းရပ်ကွက်မှ အိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၃၅၁ ဦးအား ရေဘေးလွတ်ရာ ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ မြင်းကပါကျေးရွာမှ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၉၂ ဦးအား ရေဘေးလွတ်ရာ မင်းကျောင်းဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ အောက်ညဉ့်ကျေးရွာမှ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၃ ဦးအား ရေဘေးလွတ်ရာ ဓမ္မရံသီဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ အထက်ညဉ့်ကျေးရွာမှ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၅၆ ဦးအား ရေဘေးလွတ်ရာ အထက်ညဉ့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ပုလင်းကျေးရွာမှ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၈ ဦးအား ရေဘေးလွတ်ရာ ဆုတောင်းပြည့်ဘုရားကဇာတ်ရုံသို့လည်းကောင်း၊ သစ်ထောင့်ကျေးရွာမှ အိမ်ထောင်စု ၆၂ စု၊ လူဦးရေ ၂၈၀ ဦးအား ရေဘေးလွတ်ရာ သစ်ထောင့်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

3

4