၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၈/၁)နှင့် (၇၈/၂)ကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးရဲဇော် မောင်းနှင်လာသော YGN-26 8M/XXXX TOWNACE (အဖြူရောင်)ယာဉ်နှင့် ဦးမိုးဝင်း မောင်းနှင်လာသော MDY-19 8M/XXXX Light Truck (အဖြူရောင်)ယာဉ် တို့သည် လမ်း၏ဝဲဘက် အနှေးယာဉ်ကြောတွင် ခေတ္တရပ်တန့်ထားစဉ် လားရာတူ နောက်မှ ယာဉ်မောင်း ဦးမင်းလွင် မောင်းနှင်လာသော MDY-13M/XXXX Nissan Condor အမျိုးအစား(ဖြူစိမ်းရောင်)ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီ ၂၀မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် YGN-26 8M/XXXX ယာဉ်ပေါ်ပါ အမျိုးသား လေးဦး၊ အမျိုးသမီး ခုနှစ်ဦး၊ ကလေး သုံးဦး စုစုပေါင်း ၁၄ ဦးအနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ MDY-19 8M/XXXX ယာဉ်ပေါ်ပါ အမျိုးသား ခုနှစ်ဦး၊ အမျိုးသမီး ငါးဦး၊ ကလေး သုံးဦး စုစုပေါင်း ၁၅ ဦး အနက် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး သုံးဦး (သေဆုံး)၊ အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ MDY-13M/XXXX ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦးအနက် ယာဉ်မောင်း အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ပြီး ၎င်းတို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ အမြန်လမ်းမကြီးပေါ် ယာဉ်ရပ်တန့်ရန် ခွင့်ပြုထားခြင်းမရှိသည့်နေရာ၌ ယာဉ်ရပ်တန့်ထားသော ယာဉ်မောင်း ဦးရဲဇော်၊ ယာဉ်မောင်း ဦးမိုးဝင်း (သေဆုံး)နှင့် နောက်မှဝင်တိုက်သော ယာဉ်မောင်း ဦးမင်းလွင်တို့အား အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured