Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၉/၀)နှင့် (၁၀၉/၁)ကြားတွင်  ယာဉ်တိမ်းမှောက်မှု

     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၉/၀)နှင့် (၁၀၉/၁)ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဦးတင့်နိုင် မောင်းနှင်လာသော YGN-22 4L/XXXX TOYOTA WISH (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ငုတ်အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ  ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် YGN-22 4L/XXXX TOYOTA WISH (အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား လေးဦးအနက် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ၎င်းတို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဦးပိုင်းပိန်ချိုင့်၊ အမိုးပိန်ချိုင့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ ဦးတင့်နိုင်အား ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။