၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ကျောက်ကြီးစုရပ်ကွက်ရှိ ကျောက်ကြီးစုတာဘောင်နှင့် ပန်းလှိုင်ရပ်ကွက်ရှိ ပန်းလှိုင်တာဘောင်တို့ ရေတိုက်စားကျိုးပေါက်မှု မဖြစ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သဲအိတ်ချခြင်း၊ တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။