၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မော်တိုက်နယ်၊ ကျုံတွမ်ကျေးရွာအုပ်စု၊ နတ်ချောင်းကျေးရွာအနီး ဟင်္သာတ-နတ်မော်ကားလမ်း မိုင်တိုင်အမှတ် (၅) နှင့် (၆) ကြားတွင် အမြင့်(၄၀)ပေ၊ လုံးပတ်(၅)ပေခန့်ရှိ မယ်ဇလီပင်သည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လဲကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။