Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်းတာ ကျိုးပေါက်မှုမဖြစ်စေရေး ဆောင်ရွက်ခြင်း

    ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့အတွင်း ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်းတာ ကျိုးပေါက်မှုမဖြစ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သဲအိတ်ချခြင်း၊ တာဖို့ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။