Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ အမောက်ဝဲကျေးရွာ မြေနိမ့်ပိုင်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှု

    ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီ ၁၈ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လှိုင်မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကျိုးကျေးရွာအုပ်စု၊ အမောက်ဝဲကျေးရွာ မြေနိမ့်ပိုင်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် ပြီးစီးခဲ့ပါသည်။

     အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမောက်ဝဲကျေးရွာ မြေနိမ့်ပိုင်းရှိ  အိမ်ထောင်စု (၂၈)စု၊ လူဦးရေ (၆၀)ဦးအား ရေဘေးလွတ်ရာ မြောင်းတကာကျေးရွာအုပ်စု၊ အပိုင်း(၂)ဈေးပိုင်း၊ မှန်ကျောင်းဘုန်းတော်ကြီးကျောင်းရှိ ရာပြည့်ဓမ္မာရုံသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။