၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေစီးဆင်းကာ ပြည်တော်သာကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၁၀/၅ နှင့် ၁၁၀/၆ ကြား၊ သရက်ပင်ဆိပ်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၁၂/၄ နှင့် ၁၁၂/၆ ကြားတွင် ကားလမ်းပေါ်သို့ ရေကျော်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ဖိုမြို့နယ်မီးသတ်စခန်း၊ အေးမြသာယာနယ်မြေမီးသတ်စခန်း၊ အိုးသည်ကုန်းနယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယာဉ်အန္တရာယ်မဖြစ်စေရေးနှင့် ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူစေရန်အတွက် ကူညီဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။