၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီ ၄၂ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ စက်မှုဇုန်လမ်းနှင့် ပုသိမ်လမ်းထောင့်ရှိ ပိုင်ရှင် ဦးဇော်မင်းအေး၏ (၆၀x၁၂၀) ပေ၊ Steel Structure တစ်ထပ် အလှကုန်ပစ္စည်းသိုလှောင်ရုံ ထပ်ခိုးအပေါ်တွင် သွယ်တန်းထားသော လုံခြုံရေးမီးထွန်းသည့်မီးလုံး အပူလွန်ကဲ၍ ပြုတ်ကျပြီး အောက်ရှိ တစ်သျှူး ပလတ်စတစ်ပါကင်ထုပ်ပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၁ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၆၀x၁၂၀)ပေ၊ Steel Structure တစ်ထပ် အဆောက်အအုံတစ်လုံး၊ အလှကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် သိုလှောင်ရုံအစောင့် ဦးဝင်းမြင့်အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။