Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  (၆၈) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင်  နေအိမ် မီးလောင်မှု

    ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီ ၄၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၈) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ပိုင်ရှင် ဒေါ်သီသီဦး၏ ၁၀x၆၀ ပေ၊ Steel Structure သွပ်မိုး နှစ်ထပ်နေအိမ်၌ ရေမော်တာမောင်းနေစဉ် ဝိုင်ယာကြိုးအပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ  မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် Itel အမျိုးအစား TV တစ်လုံးနှင့် ဆိုဖာထိုင်ခုံ နှစ်လုံး မီးလောင်ဆုံးရှုံးပြီး အမျိုးသား တစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး နှစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်သီသီဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။