၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် ပိုင်ရှင် ဦးကျော်ထိန်ဝင်း၏ ၂၀x၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ ရော်ဘာမှိုင်းခံရုံအတွင်း ရော်ဘာမှိုင်းခံကျပ်တင်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းနှင့် ရန်ကြီးအောင်အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၅ မိနစ် တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀x၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ ရော်ဘာမှိုင်းခံရုံ တစ်ရုံ၊ ရော်ဘာပေါင် ၁၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်ထိန်ဝင်းအား ရေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။