၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂ ရက် မွန်းလွဲ ၃ နာရီ ၄ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေး၏ ၃၀x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ အုတ်ခင်း နှစ်ထပ် နေအိမ်အောက်ထပ်ရှိ လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်း၊ ကျောက်ပန်းတောင်း မြို့နယ်မီးသတ်စခန်း၊ ကျောက်ပန်းတောင်းနယ်မြေမီးသတ်စခန်း၊ ပုပ္ပါးနယ်မြေမီးသတ်စခန်းနှင့် တောင်ဇင်းနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၂ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၃၀x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ အုတ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၁၀x၁၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ အုတ်ခင်း နှစ်ထပ် ဓာတ်ပုံဆိုင်အဆောက်အအုံ၏ အပေါ်ထပ်အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေးအား ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။