Language: Myanmar English

နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၌ တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူသူ နှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူ

     ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ CL-2၊ တိုက်(၁၀)၊ အခန်း(၁၄)နေ  ဒေါ်ဝင်းဝင်းမော်(၅၃)နှစ်သည် ရုံးမှနေအိမ်တိုက်ခန်းသို့ ပြန်လည်ရောက်ရှိစဉ် အိပ်ခန်းရှိဗီရိုအတွင်းထားရှိသော မြန်မာငွေရောရာ ၄၈,၅၈၀,၀၀၀ိ/- ကျပ် အနက် ငွေ ၈၀,၀၀၀ိ/- ကျပ် ကိုသာတွေ့ရှိရပြီး ငွေ ၄၈၅ သိန်းကျပ်မှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း (ပ)၃၈/၂၀၂၄၊  ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။
     လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် အခင်းဖြစ်ရပ်မှတ်တမ်းများစစ်ဆေးခြင်း၊ ၎င်းတိုက်တွင် ဧည့်စိမ်းရောက်ရှိနေထိုင်မှု ရှိ/မရှိတို့အား စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ရာ CL-2၊ တိုက်(၁၀)၊ အခန်း(၀၄)နေ စန်းစန်းမော်(၃၈)နှစ်၏ နေအိမ်တိုက်ခန်းတွင် အစ်ကိုဝမ်းကွဲ တင်ထွေး(၄၀)နှစ် ရောက်ရှိနေထိုင်လျက်ရှိကြောင်းသိရှိရ၍ စန်းစန်းမော်နှင့် တင်ထွေးတို့အား ခေါ်ယူစစ်ဆေးခဲ့သည်။
      စစ်ဆေးချက်အရ စန်းစန်းမော်သည် အစ်ကိုဝမ်းကွဲ တင်ထွေးအား အခန်း(၁၄)နေ ဒေါ်ဝင်းဝင်းမော်၏ တိုက်ခန်းအတွင်း ငွေများဝင်ရောက်ခိုးယူရန်စေခိုင်းသဖြင့် ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အဆိုပါတိုက်ခန်းအတွင်း လူမရှိချိန်၌ အခန်းတံခါးသော့ဖျက်ဝင်ရောက်ကာ ငွေကျပ် ၄၈၅ သိန်းအား ခိုးယူခဲ့ပြီး စန်းစန်းမော်နှင့်အတူ CL-4 တိုက်နောက်ကျောဘက်ရှိချုံထဲတွင် ကြွပ်ကြွပ်အိတ်အစိမ်းရောင်ဖြင့် ထုတ်၍ ဝှက်ထားကြောင်းသိရှိရ၍ သက်သေခံပစ္စည်းများအား သက်သေများနှင့်အတူ သိမ်းဆည်းခဲ့သည်။
     ဖြစ်စဉ်တွင် တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူသူ တရားခံ တင်ထွေးနှင့် စန်းစန်းမော်တို့ နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၌ တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူသူ နှစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။