Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှထွက်ရှိသော သားငါး၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများသို့ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

    ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော သားငါးများ၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား ရောင်းချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ဝက်သား ၅၀ ကျပ်သား တစ်ထုပ်လျင် ၇၅၀ဝိ/-ကျပ်၊ ကြက်ဥ တစ်လုံးလျင် ၃၀ဝိ/-ကျပ်၊ နွားနို့ တစ်ဗူးလျင် ၂၂၀ဝိ/-ကျပ်၊ ဖရုံသီး တစ်စိတ်လျင် ၂၅ဝိ/-ကျပ်၊ ချဉ်ပေါင်/ကန်စွန်း တစ်စီးလျင် ၁၀ဝိ/-ကျပ်၊ ပဲတောင့်ရှည်သီး တစ်စီးလျင် ၃၀ဝိ/-ကျပ်၊ ခဝဲသီး တစ်တောင့်/ဖရုံညွန့် တစ်စီးလျင် ၂၀ဝိ/-ကျပ်နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၃-၈-၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များထံသို့ ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၂၃-၈-၂၀၂၄ ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၂၃-၈-၂၀၂၄ ရက်နေ့တွင် အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။   

၂၃-၈-၂၀၂၄ ရက်နေ့တွင် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။