၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက် နံနက် ၈ နာရီခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းအုပ်စု၊ ဓာတ်လုံဘုရားအဆင်းလမ်းတွင် ယာဉ်မောင်း ဦးအိုက်ခမ်း မောင်းနှင်လာသော 9J/XXXX MAZDA (အဖြူရောင်)ယာဉ်သည် ဓာတ်လုံဘုရားမှ ဝမ်ဘန်ကျေးရွာသို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ဓာတ်တိုင်အားဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုင်းယောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးအနက် ယာဉ်မောင်း အမျိုးသား တစ်ဦး (သေဆုံး)၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ;’(မစိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းတို့အား မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးအိုက်ခမ်း(သေဆုံး)အား မိုင်းယောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။