၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/၃)တွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးကျော်သက် မောင်းနှင်လာသော 6P-xxxx YUTONG အမျိုးအစား (အပြာရောင်) EFE ခရီးသည်တင်ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်လွန်ပြီး တစ်ဖက်ယာဉ်ကြောလမ်းသို့ တစောင်းအနေအထားဖြင့် ရောက်ရှိစဉ် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော 4E-xxxx TOYOTA BELTA အမျိုးအစား(ခဲရောင်)ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့ချောင်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီတွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် EFE ခရီးသည်တင်ယာဉ်၏ ယာဉ်ပေါ်ပါ အမျိုးသားငါးဦး၊ အမျိုးသမီးငါးဦးအနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် TOYOTA BELTA အမျိုးအစား (ခဲရောင်)ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့ရရှိခဲ့ပြီး ၎င်းတို့အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးကျော်သက်အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။