၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၀ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ထနောင်းပင်လှကျေးရွာတွင် ပိုင်ရှင် ဦးအောင်ကျော်ဦး၏ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ အထပ်သားခင်း၊ အုတ်ညှပ် နှစ်ထပ်နေအိမ်တွင် မီးစက်နှိုးထားရာမှ Safeguard အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅x၁၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ အထပ်သားခင်း၊ အုတ်ညှပ် နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် နှစ်လုံး၊ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်ကျော်ဦးအား ကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။