Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၁၁/၆ နှင့် ၃၁၁/၇ ကြားတွင် ယာဉ်တိမ်းမှောက်မှု

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၁၁/၆ နှင့် ၃၁၁/၇ ကြားတွင် မန္တလေးမှ နေပြည်တော်သို့ ယာဉ်မောင်း ဦးနိုင်ကြီး မောင်းနှင်လာသော ယာဉ်အမှတ် 7I-XXXX YUTONG အမျိုးအစား  (အဝါရောင်) “တော်ဝင်ထွန်း” Express ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်သို့  တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
    အဆိုပါဖြစ်စဉ်ကြောင့် “တော်ဝင်ထွန်း” Express  ယာဉ်ပေါ်ပါ အမျိုးသား ခုနှစ်ဦး၊ အမျိုးသမီး ၁၀ ဦး အနက် ယာဉ်မောင်း အမျိုးသား တစ်ဦး(သေဆုံး)၊ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသော အမျိုးသား သုံးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးနိုင်ကြီး(သေဆုံး)အား ပြင်စည်အမြန်လမ်းမကြီးရဲစခန်းမှ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။