Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး/ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

    ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

၃၀-၈-၂၀၂၄ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ 
ဝန်ထမ်းများထံသို့ ဝက်သား၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၃၀-၈-၂၀၂၄ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များထံသို့ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီး ဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၃၀-၈-၂၀၂၄ ရက်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၃၀-၈-၂၀၂၄ ရက်တွင် အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ကြက်ဥ၊ နွားနို့နှင့်ဟင်းသီး ဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၃၀-၈-၂၀၂၄ ရက်တွင် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ဝက်သား၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီး ဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။