၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ ပြည်သူ့ဆေးရုံဝန်း၏ အရေးပေါ်ကား ဝင်/ထွက်လမ်းတွင် အမြင့် ၃၀ ပေ၊ လုံးပတ် ၄ ပေခန့်ရှိ ပိတောက်ပင်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပွ၍လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့သောင်းခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။