Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သုခလမ်းနှင့် (၅၁)လမ်းထိပ်တွင် ယာဉ်တစ်စီး မီးလောင်မှု

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သုခလမ်းနှင့် (၅၁)လမ်းထိပ်တွင် ပိုင်ရှင် ဦးအေးနိုင်၏ ယာဉ်အမှတ် 4F-XXXX NISSAN TIIDA LATIO အမျိုးအစား (အနီရောင်)ယာဉ်သည် ကားစက်နှိုးစဉ် ဘက်ထရီခေါင်း ချောင်၍ ရှော့ဖြစ်ပြီး မီးပွားထွက်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါယာဉ်မီးလောင်မှုကြောင့် ယာဉ်အမှတ် 4F-XXXX NISSAN TIIDA LATIO အမျိုးအစား  (အနီရောင်)ယာဉ်၏ အင်ဂျင်ခန်း၊ ရှေ့လေကာမှန်၊ ဒက်(စ်)ဘုတ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအေးနိုင်အား လှိုင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။