၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ မန်ကျည်းစုတာမိုင် ၆/၃ အနီးတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး အလျား ၃၀၀ ပေ၊ အနံ ခြောက်ပေခန့်ပြိုကျခဲ့သဖြင့် ဆက်လက်ပြိုကျနိုင်သည့်အတွက် မြစ်ကမ်းအနီးရှိ နေအိမ် ငါးလုံးအား မြန်အောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် နေအိမ်များရှိ အိမ်ထောင်စု ငါးစုမှ လူဦးရေ ၂၁ ဦးတို့အား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။