၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းလောင်မြစ်ရေမြင့်တက်၍ မြေနိမ့်ပိုင်းရှိ သဲမောင်းကန်ကျေးရွာအုပ်စု၊ ဘလဲ့ဘကျေးရွာအုပ်စု၊ ကံချောကျေးရွာအုပ်စု၊ စကားအင်းကျေးရွာအုပ်စု၊ ထန်းလုံးတပ်ကျေးရွာအုပ်စုနှင့် ပန်းယျကျေးရွာအုပ်စုတို့ရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တံတားဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော သဲမောင်းကန်ကျေးရွာအုပ်စုမှ အိမ်ထောင်စု ၄၆၉ စု၊ လူဦးရေ ၁၉၂၉ ဦး၊ ဘလဲ့ဘကျေးရွာအုပ်စုမှ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၁၇၈ ဦး၊ ကံချောကျေးရွာအုပ်စုမှ အိမ်ထောင်စု ၈၀၂ စု၊ လူဦးရေ ၂၉၁၈ ဦး၊ စကားအင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု ၉၆၀ စု၊ လူဦးရေ ၃၆၄၂ ဦး၊ ထန်းလုံးတပ်ကျေးရွာအုပ်စုမှ အိမ်ထောင်စု ၇၀၄ စု၊ လူဦးရေ ၂၇၆၉ ဦး၊ ပန်းယျကျေးရွာအုပ်စုမှ အိမ်ထောင်စု ၃၈၀ စု၊ လူဦးရေ ၁၅၉၃ ဦး၊ စုစုပေါင်း အိမ်ထောင်စု ၃၃၉၀ စု၊ လူဦးရေ ၁၃၀၂၉ ဦးတို့အား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။