Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု 

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်လျက်ရှိသော ရှမ်းပွဲရပ်ကွက်၊ ရွှေသူဌေး ရပ်ကွက်၊ မင်းကုန်းရပ်ကွက်နှင့် ရွှေပေါ်ကျွန်းကျေးရွာတို့ရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော ရှမ်းပွဲရပ်ကွက်မှ အိမ်ထောင်စု ၅၂၁ စု၊ လူဦးရေ ၁၅၆၃ ဦး၊ ရွှေသူဌေးရပ်ကွက်မှ အိမ်ထောင်စု ၆၃၅ စု၊ လူဦးရေ ၂၅၄၀ ဦး၊ မင်းကုန်းရပ်ကွက်မှ အိမ်ထောင်စု ၂၉၈ စု၊ လူဦးရေ ၉၅၁ ဦး၊ ရွှေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု ၃၄၄ စု၊ လူဦးရေ ၁၂၀၀ ဦး၊ စုစုပေါင်း အိမ်ထောင်စု ၁၇၉၈ စု၊ လူဦးရေ ၆၂၅၄ ဦးတို့အား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။