လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ နားခေါကျေးရွာအနီးတွင် မိုင်းပျဉ်းမှ မိုင်းပုအွန်ဘက်သို့ စိုင်းဦးပေတ မောင်းနှင်ပြီး မနန်းရှဲန်အွမ်နှင့် စိုင်းကော်တို့ လိုက်ပါလာသည့် TOYOTA SUCCEED မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၀၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၈ နာရီတွင် မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်ကျေးရွာရှိ အိုက်ဝန်း၏အိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀ ကီလိုနှင့် ကက်တမင်း ၃၀ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀ ကီလိုနှင့် ကက်တမင်း ၃၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိစိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ
နှင့်အတူ တွေ့ရစဉ်။