၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ သက္ကယ်တန်းရပ်တွင် ပိုင်ရှင် ဦးစိုင်းစိုင်းလင်း၏ ၃၅x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် ရေခဲသေတ္တာပေါ်၌ မီးလုံးအားသွင်းထားစဉ် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေဘိုခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၃၅x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၂၀x၄၅ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း၊ နံကပ် နှစ်ထပ်နေအိမ်၏ အပေါ်ထပ်၊ ၃၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ်၏ အမိုးနှင့် ထရံအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိုင်းစိုင်းလင်းအား ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။