Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး ရေပြန်လည်ကျဆင်းသွားသဖြင့် တင်ကျန်ခဲ့သော နုန်းမြေများ၊ အမှိုက်များအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်း

    မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကာ ရေပြန်လည်ကျဆင်းသွားသော ရိုးစုံကျေးရွာအုပ်စု၊ ရိုးစုံကျေးရွာရှိ သာသနာ့ရံသီဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တင်ကျန်ခဲ့သော နုန်းမြေများ၊ အမှိုက်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်၊၊