Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသောကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး၊ ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

    ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက်သက်သာသော နှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀-၉-၂၀၂၄ ရက် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများသို့ ကြက်ဥ၊
 နွားနို့နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေသည့်
မှတ်တမ်းဓာတ်ပုံ။