ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက်သက်သာသော နှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀-၉-၂၀၂၄ ရက် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများသို့ ကြက်ဥ၊
နွားနို့နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေသည့်
မှတ်တမ်းဓာတ်ပုံ။