၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီ ၂၇ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် ၇၉/၃ နှင့် ၇၉/၄ ကြားတွင် ရန်ကုန်မှမန္တလေးသို့ ယာဉ်မောင်း ဦးဇော်မင်း မောင်းနှင်လာသော MDY-15 7M/XXXX FUSO အမျိုးအစား (အဖြူရောင်) ၂၂ ဘီး ဆီဘောက်ဆာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင်ရပ်ထားသော ဂျုံအိတ်များ တင်ဆောင်ထားသည့် MDY 1M-XXXX NISSAN အမျိုးအစား(အနက်ရောင်) ၂၂ ဘီး နောက်တွဲ ယာဉ်အမှတ် 2TLR/XXXX ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းနှင့် ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား တစ်ဦး၊ ယာဉ်နောက်လိုက် အမျိုးသား တစ်ဦး စုစုပေါင်း အမျိုးသား နှစ်ဦးအနက် ယာဉ်မောင်း အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ပြွန်တန်ဆာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးဇော်မင်းအား ပြွန်တန်ဆာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။