ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရေပြန်လည်ကျဆင်းသွားသော ဆင်သေကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဝင်းအတွင်း တင်ကျန်ခဲ့သောနုန်းမြေများ၊ အမှိုက်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီတွင် ဒက္ခိဏခရိုင်မီးသတ်စခန်းနှင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေး လုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။