၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၃)ရပ်ကွက်တွင် မြစ်ရေ တိုက်စားသဖြင့် မြစ်ကမ်းပါးပြိုကျ၍ ဆက်လက်ပြိုကျနိုင်သည့်အတွက် မြစ်ကမ်းအနီးရှိ နေအိမ် တစ်လုံးမှ လူဦးရေ ခုနှစ်ဦးတို့အား ဂန့်ဂေါခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးတို့ဖြင့် ဘေးလွတ်ရာ ဆွေမျိုးများအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။