Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၈)ရပ်ကွက်၊ မက္ခရာမင်းသားကြီးလမ်း၊ စက်မှုဇုန်(၂)တွင် အိမ်ဆောက်ပစ္စည်းစက်ရုံ မီးလောင်မှု 

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၈)ရပ်ကွက်၊ မက္ခရာမင်းသားကြီးလမ်း၊ စက်မှုဇုန်(၂)ရှိ ပိုင်ရှင် ဒေါ်ကေဇင်ဝင်း၏ “မဟာလင်းထက်” အိမ်ဆောက်ပစ္စည်းစက်ရုံ ၃၀၀ x ၃၀၀ ပေ၊ Steel Structure တစ်ထပ် အဆောက်အအုံအတွင်းရှိ ၂၀ x ၆၀ ပေ ကော်ချောင်းအမှုန့်ကြိတ်စက်ခန်းအတွင်း Jwell အမျိုးအစား ကော်ချောင်းအမှုန့်ကြိတ်စက် မော်တာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၈ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် Jwell အမျိုးအစား ကော်ချောင်းအမှုန့်ကြိတ်စက်တစ်လုံး၊ ကော်ချောင်းအပိုင်းအစများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ကော်ချောင်းအမှုန့်ကြိတ်စက် တာဝန်ခံ ဦးမိုးသက်အောင်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။