Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ငါး၊ ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး/ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

    ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ငါး၊ ကြက်ဥ၊ ဝက်သား၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၇-၉-၂၀၂၄ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ 

ဝန်ထမ်းများထံသို့ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ

၂၇-၉-၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များထံသို့ ဝက်သား၊ ကြက်ဥ၊ နွားနို့နှင့်

ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၂၇-၉-၂၀၂၄ ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများထံသို့
ဝက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၂၇-၉-၂၀၂၄ ရက်နေ့တွင် အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ဝက်သား၊ ကြက်ဥ၊ နွားနို့နှင့်

ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။

၂၇-၉-၂၀၂၄ ရက်နေ့တွင် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ကြက်ဥ၊ နွားနို့နှင့်

ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။